အားလုံးပဲ
မင်္ဂလာပါ။
အမူအကျင့်များ
ပြောင်းလဲရန် လုပ်ငန်းအစီအစဉ်များရေးဆွဲခြင်း
သင်တန်းမှ ကြိုဆိုပါတယ်။ ယခု သင်တန်းကို Save the
Children LEARN ၏
Designing for Behavior Change training မှ
ကောက်နှုတ် ထားပါသည်။ အဆိုပါ စာအုပ်ကို မူလ သင်ရိုးညွှန်းတမ်းဖြစ်သည့်
CORE Group Social and Behavioral Change Working Group ကရေးသားပြုစုခဲ့ပြီး Food Security and
Nutrition Network Social and Behavioral Change Task Force အဖွဲ့ဝင်များက ပြင်ဆင်ဖြည့်စွက်ရေးသားခဲ့ကြပါသည်။
ဤသင်ရိုးညွှန်းတမ်းကို
စားနပ်ရိက္ခာဖူလုံရေး
ကွင်းဆင်း ဝန်ထမ်းများအတွက် လိုအပ်သလိုပြုပြင်၊ ဖြည့်စွက်၊ ကွင်းဆင်းစမ်းသပ်ပြီး ဖြစ်ပါတယ်။
ဒါ့အပြင်..
ဖြစ်ရပ်နမူနာလေ့လာမှုများနှင့် အဆုံးအဖြတ်ပေးနိုင်မှုအရှိဆုံးအရာများ (Determinants)ကိုလည်းကောင်း ၊ ပင်မအကြောင်းတရားများ (Key Factors) ကိုလည်းကောင်း၊ အတားအဆီးများဆန်းစစ်ဖော်ထုတ်ခြင်း (Barrier Analysis နှင့် အချိန်တိုအတွင်း ဆောင်ရွက်သော
Formative Research) များကိုလည်းကောင်း၊ Formative Research ကိုအသုံးပြု၍ နေ့တစ်ဝက် ကွင်းဆင်းဆောင်ရွက်ခြင်းကို မည်သို့ ပြုလုပ်ရမည်ကို လည်းကောင်း ၊ လိုအပ်ချက်နှင့်ကိုက်ညီသော အမူအကျင့် ပြောင်းလဲရေးလုပ်ငန်းများ ရွေးချယ်ရန် လမ်းညွှန်ချက်များနှင့်အခြား အရာများကိုလည်းကောင်း အသီးသီး ဖြည့်စွက်ထည့်သွင်းဖော်ပြထားပါတယ်။